အမှားသံသရာ ( Mistake cycle of rebirths)
မှားတယ် .. အားလုံးမှားတယ်...
အမှန်ကို မမြင်(ပြင်) လို့ မှားတယ်...
မင်းလည်း မှားတယ် ငါလည်း မှားတယ် ..
သမ္မတ ကြီး လည်း မှားတယ် ... အတိုက် အခံတွေ လည်း မှားတယ်..
အမှန်တရားကို ပြောနေတဲ့ လူတွေလည်း မှားတယ် ..
အမှား တစ်ရာ ကို လုပ်နေတဲ့ လူတွေလည်း မှား တယ်. .
စစ်သားတွေလည်း မှားတယ်.. နိုင်ငံရေး သမားတွေ လည်း မှားတယ် ..
ယုန် နဲ့ လိပ် ပုံပြင် ထဲ မှာ လိပ်က ဖြေးဖြေး မှန်မှန် သွားလို့ အနိုင်ရတယ်...
ခု ချိန်မှာတော့ .. လိပ် လို သွားနေရင် မှားတယ် ..
ယုန် လို သောက်ပျင်းကြီး နေရင် လည်း မှားတယ် ..
ပါးစပ်က ပဲ အော်နေပြီး .. လုပ်ရပ် က ကျေ နပ်စရာ မရှိရင် လည်း မှားတယ်...
ဒီစာကို ရေးနေတဲ့ ငါလည်း အမှားကြီး မှားတယ် ..
ဖတ်နေတဲ့ လူလည်း မှားတယ်..:P
အားလုံး မှားနေတယ် ..
စာကြွင်း .. - ဒါကြောင့် အားလုံးမှန်ချင်ရင်
ဘီယာသောက် .. မှန်သွားမယ်..
@မောင်လမင်း

ဘာရယ်မဟုတ်ပါဘူး။ side ဘားက လူ့စိတ် ဆိုတာလေးကို တွေ့လို့ အကြောင်းကြတားပါ။ http://kaungkinko.blogspot.com/2012/01/blog-post_21.html
ReplyDeleteဒီ blog က...ကဗျာလေးတွေကိုလည်း ဖတ်ရှုအားပေးသွားပါတယ်။