Posts
Showing posts from 2015
လူများ ပုလင်းများ
- Get link
- X
- Other Apps
အိပ်မပျော်တဲ့ညမှာ ပုလင်းခေါ်သံတွေက ငါ့ နားထဲ တိုးလို့ဝင်ရောက်လာခဲ့... လာပါ.. ထိုင်ပြီးသောက်လှည့်ပါ အဝေးက ခေါ်သံတချို့ တောင်ပေါ်လေညှင်းနဲ့ အတူစီးဆင်းလို့ ပုလင်းဟာ လေထဲကလွင့်လာတယ်ကူကယ်ရာမဲ့တဲ့ ညတွေမှာ ပုလင်းဟာ ဆေးတစ်ခွက်ပဲ ကူကယ်ရာမဲ့တဲ့ နေ့တွေမှာ ပုလင်းဟာ အဆွေတော်ပဲ အဲဒီတည်းက ငါလည်း ပုလင်းကို မြတ်နိုးခဲ့ ပုလင်းဟာလည်း ငါ့နားကခွဲခွားမသွားခဲ့ အဲဒီညက ပုလင်းခေါ်သံဟာ..ချိုမြိန်လွန်းလှတယ်။ MichaelJoshua(U Thet)
အရက်ဆိုင်
- Get link
- X
- Other Apps
အရက်ဆိုင်တွေကိုလိုက်မကြည့်နဲ့ ခင်ဗျားကိုယ်တိုင် အရက်ဆိုင်ထဲရောက်သွားလိမ့်မယ် မှတ်ထား အရက်ဆိုင်ကိုမှတ်ထား ဘီအီးဆိုင်ကိုမှတ်ထား ရှိနေတုန်းဝအောင် သောက်ထား နောက်ဆိုတစ်ပိုင်းဖိုးလည်းမသေချာတော့ဘူး အရက်ဖိုးလည်း ကုန်ချင်ကုန်သွားမှာ အရက်ခွက်နဲ့ ဓာတ်ပုံရိုက်ထား ဘီအီးတစ်လုံးဈေးနှုန်း အလွတ်ကျက်ထား ဒါတွေလဲ မသေချာဘူး ဆေးရုံကြီးမှာ အမှတ်တရ လက်မှတ်ထိုးထား လစ်ဗိုလင်ဖို့ အသည်းအားဆေး ငွေမပိုလည်းဝယ်ထား ဘိုးငြိမ်း ရှင်းရှင်း ဗိုလ်အောင်ဒင် နောက်ဆို နှောင်းအရက်သမားတွေကို ကျိန်ပြောချင် ပြောနေရမှာ သတိထား သတိကြီးကြီးထား သူတို့ကတတိတိနဲ့ပိပိရိရိ ရေရောနေကြတာ ခင်ဗျားအမြည်းဖိုးသိပ်မကျန်တော့ဘူးဆိုတာ သိထား အခုက ရက်စတော့ရန့်စားသောက်ဆိုင်ပေါ်က အိုးဘရန်ဒီတွေကိုကြည့်ပြီး ရင်မောရမဲ့ အချိန်မဟုတ်တော့ဘူး လာပါ သေချာတုန်းလေး ဘီအီးတစ်ခွက်တစ်ဖလားချရအောင် ဒီတစ်ပိုင်း သောက်ပြီးရင် ကျနော်လဲ အရက်မူးချင် မူးသွားမှာ (ကဗျာဆရာ ယဉ်ဝယ်သက်၏မန္တလေးကဗျာကိုအခြေခံကာ စာသားများပြောင်းလဲရေးသားထားခြင်းဖြစ်ပါတယ်။