ဒါဟာ .. ဘ၀လား
ကျွန်တော့်ဘ၀တက်လမ်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေချိန်မှာ အချစ်ဟာမေးထားဖို့လိုအပ်တယ်..။ လူငယ်မို့ ရူးခဲ့တာ သဘာဝကျပေမဲ့..ဘ၀ကတော့သဘာဝမဆန်ဘူးလေ .။မိဘနှစ်ပါးရဲ့ပံ့ပိုးမှု တွေရဲ့အောက်မှာ အရောင်တောက်နေရတဲ့ဘ၀ မှာ တာဝန်တွေကမနည်းပါဘူး။သူတို့ကျေးဇူးတွေ အောက်မှာ ရပ်တည်နေတဲ့ဘ၀ မှာ လုပ်ဆောင်ချက်တွေကောင်းမွန်ဖို့ လေ့ကျင့်နေရတယ်။ တာဝန်သိတဲ့သားလိမ္မာ တစ်ယောက်ဖြစ်ဖို့မျှော်လင့်ခဲ့တာ ကြာပါပြီ။သူများတွေနဲ့ နှိုင်းပြီ ထင်ကြေးပေးတဲ့ ပတ်ဝန်းကျင်ကိုလည်း အပြစ်မဆိုချင်ပါဘူးဗျာ..။သူတို့ပြောသလို မဖြစ်အောင် ကိုယ့် စိတ်ကို မွမ်းမံနေလျှက်ပါပဲ..။ အသက်ကြီးလာလေ..တာဝန်ကြီးမားလာတဲ့ ကျွန်တော့်ဘ၀ မှာ အချစ်ဆိုတာကို မေ့ထားဖို့လိုနေပါပြီ..။အချစ်ဆိုတာ မြူမှုန့်လေး တစ်ခုလိုပါပဲ..ကျွန်တော့်ဘ၀ ဟာ မိဘနှစ်ပါး အတွက်ပဲဖြစ်ရမယ်။ အခက်အခဲတွေ တွေ့လေလေ ..ယုံကြည်ချက် ကခိုင်မြဲလေပါပဲ.။ဒါကို ဘယ်သူမှမပြောတာက အထမမြောက်သေးတဲ့ ယုံကြည်ချက်ကြောင့်ပါ.။လူတွေ အများကြီးကို ယုံအောင် ပြောဖို့က မလွယ်ပါဘူး . လုပ်ဆောင်ချက်တွေ နဲ့ ပဲ သက်သေထူဖို့ဆန္ဒရှိတာပါ။ လက်တွေ မှာတော့ အခက်အခဲတွေ ရှုံးနိမ့်မှုတွေ ကို ရင်ဆိုင် ကျော်လွှားနေတုန်းပါပဲ... ...