အလွမ်းဇာတ်
အပြာရောင်မိုးသားအောက်မှာ
အဖြူရောင်တိမ်တိုက်တွေနဲ့အတူ လေဟုန်စီးရင်း
အလွမ်းသီချင်း တစ်ပုဒ် .... ငါ ညဉ်းနေခဲ့တယ် ..။
အရင်နေ့ တွေလိုပါပဲ ...
ကော်ဖီတစ်ခွက်နဲ့ ဂစ်တာအိုတစ်လက်ပေါ့ ...
အခန်ကျဉ်းလေးထဲမှာ .. တစ်ယောက်တည်း ထိုင်နေရင်း
အတွေး စိတ်ကူးတွေကို ဖြန့် ကျက်နေမိ ပေါ့..။
မင်းနဲ့ ဝေးတဲ့ နောက်.. ငါ့နှလုံးသားလည်း ..
လွမ်းဖျား. ဖျားနေတယ် ..။
အနမ်းများ က အလွမ်းများရဲ့ သက်သေပေါ့.. ။
ကုန်ဆုံးသွားတဲ့ နေရက်တွေဆီ . ပြန်လည်ကူးခတ်ချင်မိတယ် ..။
အတူ ပြန်ဆုံနိုင်မဲ့ နေ့ကို ဆုတောင်းရင်းနဲ့ပဲ .
အရင်နေ့ တွေလိုပဲ....
ဒီနေ့လည်း အလွမ်းနဲ့ ဇာတ်သိမ်း ..
@Michael Joshua

Really nice to read your lovely poem!
ReplyDeletethz so much ..fri..
Deletewarmly welcome my blog.. :p